SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မော်လမြိုင် စက်တင်ဘာ ၎

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ယမန်နေ့ နံနက် ၅ နာရီက (၁၈၄)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲ (ပထမနေ့)ကျင်းပသည်။

နေပြည်တော်  စက်တင်ဘာ  

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး H.E. Ms. Retno L.P. Marsudi အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟို တယ်၌ အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဟားခါး   စက်တင်ဘာ  

ချင်းပြည်နယ် ဟားခါးမြို့၌ ပြည်ထောင်စု လွှတ်တော်က ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုငွေဖြင့် တည် ဆောက်မည့် ပြည်နယ်လွှတ်တော်ရုံးသစ်ကို သြဂုတ် ၁၈ ရက်တွင် ပန္နက်ရိုက်ပြီး ယခုအခါ စတင်တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ညောင်တုန်း  စက်တင်ဘာ 

ဧရာဝတီ တိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ ရေကြီးကွင်းဒေသများ ဘက်စုံသီးနှံ ကာကွယ်ရေး မီးထောင်ချောက် ထွန်းညှိပွဲကို ယမန်နေ့ ညနေပိုင်းက ပါလှဲ့ ကျေးရွာအုပ်စု၌ ကျင်းပသည်။

ဝေါ    စက်တင်ဘာ  

ပြည်တွင်းမှ ထွက်ရှိသည့် မျှော့များကို တရုတ်နိုင်ငံက ဝယ်ယူလျက်ရှိရာ စက်တင်ဘာလအတွင်း ယခင်ကထက် ဈေး နှိမ်ဝယ်ယူလာသောကြောင့် ရှာဖွေဖမ်းဆီး ရောင်းချသူ နည်းပါးလာကြောင်း ပဲခူးခရိုင်အတွင်းရှိ မျှော့အဝယ်ဒိုင်များထံမှ သိရသည်။ 

Page 1218 of 1320