SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105
JUser: :_load: Unable to load user with ID: 107

နေပြည်တော်  စက်တင်ဘာ ၃

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့်အဖွဲ့သည် သြဂုတ် ၃၁ ရက် တွင် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ကျင်းပသည့်


ရန်ကုန်  စက်တင်ဘာ 

အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့  (IATA) ၏  ပျံသန်းရေးလုံခြုံ စိတ်ချရမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ်(IOSA)ဝန်ဆောင်မှုဖြင့် ခရီးသွား ပြည်သူများအား ပြည်တွင်းခရီးစဉ် ၁၄ ခု ပျံသန်းပေးမည့် မန်းရတနာပုံ လေကြောင်းလိုင်း ဂုဏ်ပြုပွဲကို ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotels & Resort  ၌ ကျင်းပကြောင်း သိရသည်။

နေပြည်တော်   စက်တင်ဘာ 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ သြဂုတ်လအတွင်း   ယာဉ်မတော်တဆမှု ၄ဝ ဖြစ်ပွားခဲ့ပြီး  သေဆုံး သူ ကိုးဦး၊ ဒဏ်ရာ ရရှိသူ ၂၇ ဦးရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ စခန်းမှ သိရသည်။

ရန်ကုန်  စက်တင်ဘာ 

လက်ရှိတွင်  ရန်ကုန်မြစ်ကြောင်း တစ်လျှောက် ဆိပ်ကမ်းများ ပိုမိုများပြားလာသည့်အတွက်  သင်္ဘောကြီးများ ပိုမိုဝင်ရောက်လျက်ရှိရာ ဆီယိုဖိတ်မှု ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာနိုင်သဖြင့် ထိရောက်သည့်ပြင်ဆင်မှုများ စီစဉ်ထားသင့်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်ထံမှ သိရသည်။

 ရန်ကုန်  စက်တင်ဘာ 

မြန်မာနိုင်ငံရှိ  ဒေသအများစု၌် ရေကြီးရေလျှံမှု ဖြစ်စဉ်များကြောင့်  ရန်ကုန်မြို့ရှိ ညောင်ပင်လေးဈေးအတွင်း အရောင်းအဝယ် သိသာစွာ ကျဆင်းလျက်ရှိကြောင်း ညောင်ပင်လေးဈေးအတွင်းရှိ    ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

ရန်ကုန် စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်   အဓိကလမ်းမကြီးများ၌ ယာဉ်ကြောပိတ်ဆို့ချိန်တွင် လမ်း၏ဆန့်ကျင်ဘက် တစ်လမ်းတိုးပေးသော စနစ်ကို စက်တင်ဘာ ဒုတိယပတ်မှ   စတင်ကျင့်သုံးမည်ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စစ်တွေ   စက်တင်ဘာ  

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည်ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေကြသည့် မောင်တော ခရိုင်အတွင်းရှိ ကျေးရွာများမှ တိုင်းရင်းသားများ အတွက်  နှစ်လစာစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ယနေ့နံနက် ၁ဝ နာရီခွဲတွင်  အဆိုပါကျေးရွာများသို့  တပ်မတော် ရဟတ်ယာဉ်ဖြင့်  လိုက်လံပို့ဆောင် ကူညီထောက်ပံ့ပေးသည်။

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် မဇော ကျေးရွာအုပ်စု ခုံမော် အနောက်ကမ်းကျေးရွာ လမ်းမှာ ယခုအခါ ချိုင့်ခွက်များ ဖြစ်ပေါ်နေပြီး ရေဝင်ရောက်၍ လမ်းပျက်စီးနေပါသည်။

ရန်ကုန်  စက်တင်ဘာ ၂

YBS ယာဉ်လိုင်းများတွင် ယာဉ်နောက်လိုက်စနစ် မပါဝင်တော့သည့်အတွက်  ယာဉ်နောက်လိုက်များအား   ငွေအကြွေလဲ ဝန်ထမ်းအဖြစ် ခန့်အပ်လျက်ရှိသော်လည်း လုပ်အားခကွာဟမှုကြောင့်   လာရောက် လျှောက်ထားသူ ယာဉ်နောက်လိုက်များ နည်း ပါး လျက်ရှိကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး   အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YUPT) ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင်ထံမှ သိရသည်။ 

YBS ယာဉ်လိုင်းများ၌  ယာဉ်အစီးရေပေါင်း ၃၅ဝဝ ကျော်ရှိပြီး ယခင်ကယာဉ်တစ်စီးတွင်  ယာဉ်နောက် လိုက်နှစ်ဦးပါဝင်သော်လည်း လက်ရှိစနစ်တွင် ယာဉ်နောက်လိုက်မပါဝင်တော့သည့်အတွက်     ယာဉ်နောက် လိုက် ၇ဝဝဝ နီးပါး အလုပ်အကိုင်မဲ့ ဖြစ်ခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ယာဉ်နောက်လိုက်များအား   YUPT ၌  လျှောက်လွှာတင်၍ ငွေအကြွေလဲ ဝန်ထမ်းအဖြစ် အလုပ်လျှောက်နိုင်သော်လည်း တချို့မှာ ဝင်ငွေရရှိမှု ကွာခြားသည့်အတွက် လျှောက်ထားခြင်းမရှိသကဲ့သို့  တချို့မှ လာရောက်လျှောက်ထား သော်လည်း ယာဉ်နောက်လိုက် လိုင်စင်အတုများဖြစ်နေသည့်အတွက် ခန့် ထားခြင်း မရှိကြောင်း  သိရသည်။

''ငွေအကြွေလဲ ဝန်ထမ်းအဖြစ်လာရောက်  လျှောက်ထားသူလည်းနည်းတယ်။  ဘာလို့လဲဆိုတော့   ရတဲ့ငွေ ကလည်း ကွာတယ်လေ။ တစ်ရက် ငွေကျပ် ၆ဝဝဝ  ပဲရတာ'' ဟု  YUPT မှ  ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင် က ပြောသည်။

လတ်တလောတွင် YUPT ကုမ္ပဏီ၌  ငွေအကြွေ လဲလှယ်ပေးသည့် ဝန်ထမ်းပေါင်း၁၉၇ ဦးရှိပြီး လာရောက် လျှောက်ထားသည့်  ယာဉ်နောက်လိုက်ဦးရေ ၅ဝနီးပါး ရှိနေသော်လည်း  တာဝန်ရှိသူများ အနေဖြင့် ဝန်ထမ်း လိုအပ်ချက်အရသာ ခန့်အပ်မည် ဖြစ် ကြောင်း  သိရသည်။       

Page 1219 of 1316