SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

ပုသိမ် သြဂုတ် ၂၇

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် ကုသိနာရုံလမ်းမကြီးကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ ကွန်ကရစ်လမ်း အဆင့်မြှင့်ခင်းခြင်း ဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။

မြစ်ကြီးနား  သြဂုတ် ၂၇

ကချင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် သားငှက်ဝန်းကျင်ထိန်းသိမ်းရေး (WCS) တို့ ပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ သာသနာ့ သုတကာရီ ကျောင်းဆောင်၌ ကျင်းပသည်။

ရန်ကုန်  သြဂုတ်  ၂၇

အလှကုန်နှင့် ပတ်သက်၍ ပြည်သူများ၌ ဗဟုသုတ ရှိသော်လည်း မှန်ကန်စွာ အသုံးပြုမှု အားနည်းနေကြောင်း ယမန် နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) ၌ ကျင်းပသော မြန်မာနိုင်ငံ အလှကုန်အသင်း (၁၃) ကြိမ်မြောက် အသိပညာပေး ဆွေးနွေးပွဲမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၇

Clinique de Skin အလှအပနှင့် အရေပြားဆေးခန်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မျက်နှာပေါ်တွင် ဝက်ခြံပေါက်၍ စိတ်ညစ်နေသူများ အတွက် အခမဲ့ ကုသခွင့်ရမည့် ACNE CHALLENGE by Clinique de Skin ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်  သြဂုတ်  ၂၇

အသည်းရောင် အသားဝါ စီပိုးကြောင့် အသည်းခြောက်ခြင်းနှင့် ကင်ဆာရောဂါအထိ ဖြစ်နိုင်သည်ကို သိရှိသူများ ပြား သော်လည်း ငွေကြေးမတတ်နိုင်၍ ကုသနိုင်သူ နည်းပါးနေကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို)မှ သိရသည်။

ပဲခူး   သြဂုတ်  ၂၇

ပဲခူးမြို့နယ်အတွင်းရှိ ငါးချဉ်လုပ်ငန်း လုပ်ကိုင်သူအားလုံးသည် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၌မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ထုတ်လုပ်မှု စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ မကြာမီစစ်ဆေး မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၇

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် များကို စီမံချက်ဖြင့် ဒဏ်ကြေးကောက်ခံကာ ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၇                                                                                         

မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန်နှင့် အပြန်အလှန် ရင်းနှီးမှုများ တိုးပွားလာစေရန် ရည်ရွယ်၍ Golden Wave Festival ယဉ်ကျေးမှု ဖလှယ်သည့် ပွဲတော်ကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၇

ကမ္ဘာ့သင်္ဘောသား လောက အခြေအနေအရ မြန်မာနိုင်ငံ၏ ရေကြောင်း ပညာရေးစနစ် အားသာချက်နှင့် အားနည်းချက်များကို ဖော်ထုတ်၍ ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရေကြောင်း အင်ဂျင်နီယာ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တင့် ထံမှ သိရသည်။

ဒီးမော့ဆို  သြဂုတ်  ၂၇

ဒီးမော့ဆိုမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ Women Development Centre(WDC) အမျိုးသမီးအဖွဲ့နှင့် Care Myanmar အဖွဲ့တို့ ဦးဆောင်၍  အမျိုးသမီး ကာကွယ်သော ဥပဒေနှင့်ပတ်သက်၍ အမြင်ဖွင့်ပညာပေးခြင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူမှုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

Page 1250 of 1329