SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 105

မကွေး  သြဂုတ်  ၂

မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ကြက် ငှက်တုပ်ကွေး H5N1 ရောဂါနှင့် ပတ်သက်၍ ဖြစ်ပွားမှုမရှိသော်လည်း စားသုံးသူများ အနေဖြင့် စိုးရိမ်မှုများ ရှိကာ ကြက်သားစားသုံးမှု သိသိသာသာ ကျဆင်းသွားကြောင်း စားသုံးသူ ဈေးကွက်အတွင်းမှ သိရသည်။

မေး။ မင်္ဂလာပါဆရာ။  ပထမဆုံးသြဂုတ်လအတွက်  မိုးလေဝသနှင့်ဇလဗေဒခန့်မှန်း ချက်များ ကို မတင်ပြမီဇူလိုင်လအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသအခြေအနေများကို ဆွေးနွေး သုံး သပ်ပေးပါဦး။

ဖြေ။ ဟုတ်ကဲ့ပါ ဇူလိုင်လအတွင်း မြန်မာနိုင်ငံအပေါ် မိုးကောင်းစွာရရှိစေတဲ့ဖြစ်စဉ် နှစ်ခုရှိခဲ့ပါ တယ်။  ပထမတစ်ခုက ကပ္ပလီပင်လယ်ပြင်နဲ့  ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းခဲ့တာ (ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း-၁ မုန်တိုင်းငယ်-၂)၊ တောင်တရုတ် ပင်လယ်ပြင် ဘက်မှ အပူပိုင်းမုန်တိုင်းနှစ်လုံးရဲ့အကြွင်းအကျန်လေပွေလှိုင်းများ   မြန်မာနိုင်ငံသို့ရောက်ခဲ့တာတွေကြောင့်ပဲဖြစ်ပါတယ်။ မိုးရွာသွန်းမှုများအနေနဲ့ တိုင်းဒေ သကြီး နဲ့ပြည်နယ်များမှာ ငါးရက်ပတ်အလိုက် ကြည့်ရင်တွေ့ရတယ်။ တောင်တရုတ်ပင် လယ်ပြင် မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းများအနက် ဗီယက်နမ်နိုင် ငံကို ၂ဝ၁၇ ခုနှစ် ဇူလိုင်၁၆ ရက်မှာဖြတ် ကျော် ခဲ့တဲ့ အပူပိုင်းမုန်တိုင်း တာလက်ဟာ အနောက်မြောက်ဘက်ကို  လေဖိအားနည်း ရပ် ဝန်းအဖြစ် ဆက်လက်ရွေ့လျားရင်း မြန်မာနိုင်ငံဘက်အထိရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံအရှေ့ ပိုင်း နဲ့  အလယ်ပိုင်းဒေသများမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။

အဲဒီရက်တွေမှာ သီပေါမြို့နဲ့ သိမ်ဇရပ်မြို့တို့မှာမိုးရွာသွန်းမှုစံချိန်သစ်တင်ခဲ့ပါ တယ်။ သီ ပေါမြို့ မှာဆိုရင် နှစ်ပေါင်း ၅၂  နှစ်အတွင်း မိုးရေချိန်အများဆုံးရွာသွန်းခဲ့ပြီး သိမ်ဇရပ်မြို့မှာ ဆိုရင်   နှစ်ပေါင်း ၅၃ နှစ်အတွင်း မိုးရေချိန်အများဆုံးရွာသွန်းခဲ့ပါတယ်။ ဇူလိုင်လ ကုန်ပိုင်း မှာလည်း ဗီယက်နမ်နိုင်ငံကို ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၅ ရက်မှာ ဖြတ်ကျော်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ဆွန် ကာဟာလည်း  အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ပြီး လေပွေ လှိုင်းအဖြစ် မြန်မာနိုင်ငံဘက်ကိုရောက်ရှိလာခဲ့တဲ့အတွက် မြန်မာနိုင် ငံတောင် ပိုင်းဒေ သတွေ မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မေး။ ဟုတ်ကဲ့ပါဆရာ။ ဇူလိုင်လအတွင်း မြစ်ရေကြီးမှုများနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါဦး ဆရာ။ဖြေ။ ဟုတ်ကဲ့ပါ ဒီနှစ်ဇူလိုင်လဆန်းကတည်းကစပြီး ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်အထက် ပိုင်း မှာ နေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုများကြောင့်ဖြစ်ပါတယ်။ မြစ်အထက်ပိုင်း မိုးများတဲ့အခါ အရင်ဆုံးမြစ် အထက်ပိုင်းမှာ မြစ်ရေကြီးမှုများဖြစ်ပေါ်ပြီး တဖြည်းဖြည်းနဲ့ မြစ် အောက်ပိုင်း ဒေသ တွေမှာ ရေကြီးမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အပေါ်က မြစ်ရေများ ရောက် လာတဲ့အချိန်မှာ မိုးရွာသွန်းမှုပိုလာတာနဲ့အချိန်ကိုက်တဲ့အတွက် မြစ်ဝကျွန်း ပေါ်ဒေ သများမှာ ရေကြီးမှု များဖြစ်ခဲ့ပါတယ်။ မိုးများခဲ့တဲ့ တိုင်းဒေသကြီးနဲ့ပြည် နယ် အချို့ ရှိြ မို့များမှာ လည်း တောင်ကျရေစီးဆင်းမှုများတာကြောင့် လျှပ်တစ်ပြက်ရေကြီးတာတွေ၊ မြေပြိုမှုဖြစ် ပွားတာ တွေ ကို တွေ့ရပါတယ်။မေး။ ဟုတ်ကဲ့ပါ။ ဆက်လက်ပြီး သြဂုတ်လအတွင်း ဖြစ်ပေါ်နိုင်တဲ့ဘင်္ဂလားပင်လယ် အော် အခြေ အနေနဲ့    မြန်မာနိုင်ငံ အတွက် မိုးရွာ သွန်းမှု အခြေအနေများ ကရော ဘယ်လို ရှိနိုင်တယ်ဆိုတာ ခန့်မှန်းပေးပါဦး ဆရာ။

ဖြေ။ ဟုတ်ကဲ့ပါ သြဂုတ်လကတော့ မိုးလယ်ကာလရဲ့ ဒုတိယမြောက်ကာလအပိုင်း အခြား ပဲဖြစ် ပါတယ်။ သြဂုတ်လရဲ့မိုးလေဝသအခြေအနေနဲ့ မိုးရွာသွန်းမှုအခြေအနေများကို တင်ပြ ရရင်-ဘင်္ဂလားပင်လယ်အော် အခြေ အနေ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအား နည်းရပ် ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမို အားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်။ ကပ္ပလီပင် လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအသင့်အတင့်မှ အား ကောင်း နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ကယား ပြည်နယ်တို့မှာ ရွာသွန်းမြဲ ထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝ တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့  မွန်ပြည်နယ်တို့မှာ ၂၂ ရက် မှ ၂၉ ရက်ခန့်၊   ရှမ်းပြည်နယ်၊  ချင်းပြည်နယ်နဲ့ ကယားပြည် နယ်တို့မှာ  ၁၅ ရက်မှ ၂၁ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၁ဝ ရက်မှ ၁၉ ရက်ခန့် မိုးထစ် ချုန်းရွာ နိုင်ပါတယ်။မေး။ မြစ်ကြီးများမှာဖြစ်ပေါ်နိုင်တဲ့မြစ်ရေအခြေအနေများကိုလည်း ဆွေးနွေးပေး ပါဦး ဆရာ။

ဖြေ။ ဟုတ်ကဲ့ပါ။ သြဂုတ်လအတွင်း ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့မုံရွာမြို့တို့မှာတစ်ကြိမ်ခန့်စီ၊ ဧရာဝတီ မြစ်ရေဟာ ရွှေကူမြို့၊ ကသာမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာ တမြို့နဲ့ ဇလွန်မြို့တို့မှာ တစ်ကြိမ် ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာတစ်ကြိမ်ခန့်၊စစ်တောင်းမြစ်ရေဟာတောင်ငူမြို့နဲ့မဒေါက်မြို့တို့မှာ တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ မှာတစ်ကြိမ်ခန့်၊  သံလွင်မြစ်ရေဟာ  ဘားအံမြို့မှာတစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ  ပဲခူးမြို့ မှာတစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါး သိုင်းချောင်းမြို့၊  သာပေါင်းမြို့နဲ့  ပုသိမ်မြို့မှာ တစ်ကြိမ် ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ တစ်ကြိမ်ခန့်နဲ့ ကုလားတန်မြစ်ရေဟာ ကျောက် တော်မြို့မှာ တစ်ကြိမ်ခန့် ယင်းမြို့များ၏စိုးရိမ်ရေမှတ်အသီးသီးသို့ ကျော်လွန် ရောက်ရှိနိုင် ပါတယ်။

မေး။ သြဂုတ်လမှာ ကြိုတင်သတိပြုဖွယ်ရာ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကို မိဘပြည် သူတွေ ပိုမိုသိရှိနိုင်အောင်ဆွေးနွေးပေးပါဦးဆရာ။ဖြေ။ ဟုတ်ကဲ့ပါ သြဂုတ်လတစ်လလုံးအတွက် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်း မယ်လို့ခန့်မှန်းထားပါတယ်။ သို့သော်လည်း အချို့ရက်တွေမှာ မုတ် သုံလေအား အသင့် အတင့်ရှိ မယ်။ အချို့ရက်တွေမှာ အားကောင်းခြင်း၊  အားအလွန်ကောင်းခြင်းတို့ဖြစ်ပေါ်သလို အားနည်းခြင်းဖြစ် ပေါ်တတ်ပါတယ်။

မုတ်သုံလေအားကောင်းတဲ့အခါ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသများမှာ မိုးများ တတ်ပါ တယ်။ မုတ်သုံလေအားနည်းတဲ့အခါ မြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးများပြီး အောက် ပိုင်းနဲ့ကမ်း ရိုးတန်းဒေသတွေမှာ မိုးနည်းသွားတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မြန်မာ နိုင်ငံ အလယ်ပိုင်းဒေသတွေမှာတော့ သြဂုတ်လမှာ မိုးများတတ်ပါတယ်။  သို့သော်လည်း ပြောင်း လဲ နေ တဲ့ရာသီဥတုအခြေအနေ၊ တစ်နှစ်နဲ့တစ်နှစ် မတူညီတဲ့မိုးရွာသွန်းပုံတွေကြောင့် မိုးရ ရှိနိုင် တဲ့အခြေအနေများလည်း ပြောင်းလဲနိုင်ပါတယ်။ မုတ်သုံလေအားကောင်းတဲ့အခါ မိုးရွာသွန်းမှုများနဲ့အတူ မိုးသက်လေပြင်းများ မကြာခဏ ကျရောက် တတ်ပြီး အဝေးမြင်တာ အားနည်းမှု တွေရှိနိုင်တဲ့အတွက် ရေကြောင်း၊ လေကြောင်းသွားလာရေးမှာ အထူး သတိ ထားရပါမယ်။ အထူးသဖြင့် မုတ်သုံအားအလွန်ကောင်းတဲ့အခါ ကမ်းရိုးတန်းနဲ့ မြစ်ဝ ကျွန်းပေါ်ဒေသများတွင် မိုးသက်လေပြင်းကျရောက်မှုပိုမိုဖြစ်ပေါ်နိုင်တဲ့အတွက် ကမ်းနီး ကမ်း ဝေးငါးဖမ်းရေ ယာဉ်များ ဂရုပြုဖို့လိုအပ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်တဲ့ လေဖိအား နည်းရပ်ဝန်းများနဲ့ မုတ်သုံမုန်တိုင်းများကြောင့်လည်းကောင်း၊ တောင် တရုတ် ပင်လယ်ပြင်ဘက်မှ ရွေ့လျားလာတဲ့   တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်း များ ကြောင့် လည်းကောင်း၊ တစ်ခါတစ်ရံ လေပြင်း တိုက် ခတ်ခြင်း၊ မိုးရွာသွန်းမှု ပို လာခြင်း များဖြစ်ပေါ်နိုင်ပါတယ်။ 

အထူးတင်ပြလိုတဲ့အချက်အနေနဲ့ကတော့ မိုးလယ် ကာလဖြစ် တဲ့ အတွက် မိုးရွာသွန်းမှုများနိုင်ပြီး လက်ရှိမြစ်ရေကြီးနေတဲ့ဒေသတွေမှာ သြဂုတ်လအထိ ဆက် လက်ဖြစ်ပေါ်နိုင်ခြင်းနဲ့ ရေကျသွားတဲ့မြစ်များမှာလည်း နောက်တစ်ကြိမ် ရေကြီးမှုများဖြစ် ပေါ်နိုင်ပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီး ဌာန အနေနဲ့ ထူးခြားမိုးလေဝ သအခြေ အနေများ၊ မုတ်သုံလေအခြေအနေ၊ မိုးကြီးမည့်သတိပေးချက်များ၊  မုန်တိုင်းဖြစ် ပေါ်မှု အခြေအနေများ၊ မြစ်ကြီးများမှာ စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်မယ့်အခြေအနေများကို   ကြို တင်သတင်း ထုတ်ပြန်ပေး သွားမှာဖြစ် သလို  မိဘပြည်သူများအနေနဲ့လည်း သဘာ ဝဘေး အန္တ ရာယ်များ ကိုကြိုတင် သတိပြုစေချင်ပါတယ်။ ထို့ကြောင့်  ၂ဝ၁၇  ခုနှစ်  သြဂုတ်လ မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်များကို  ပြည်သူ လူထု သိရှိပြီး မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများအတွက် ကြို တင်ပြင် ဆင်ဆောင် ရွက်နိုင်ရန် တွေ့ဆုံမေးမြန်းမှုကို  တင်ပြ လိုက် ရပါသည်။    ။

ကန့်ဘလူ  သြဂုတ်  ၂

ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကျော်ဝင်းနှင့် ဒုတိယ ဦးစီးမှူးများ၊ မြို့နယ် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါက်တာ မျိုးမင်းသန်းနှင့်  မြို့မ ကြက်မွေးမြူရေးဇုန် ကော်မတီဝင်များ အဖွဲ့သည် ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ကြက်မွေးမြူရေး ဇုန်နှင့်မြို့မ ဥစားကြက်မွေးမြူရေးဇုန် အတွင်းရှိ ကြက်ခြံများသို့ ကွင်းဆင်းစစ်ဆေးသည်။

နေပြည်တော်  သြဂုတ်  ၂

စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲမှ လွှင့်တင်ထားသည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ Mobile Application (PP Version 1.0) နှင့်ပတ်သက်၍ သုံးစွဲနည်းများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကျွန်းတက်ပဲ့ကျေးရွာ ဧက ၃ဝဝ မျိုးစေ့ထုတ်စိုက်ခင်း ရှေ့တန်းစခန်း၌ ကျင်းပကြောင်း သိရသည်။

ပွင့်ဖြူ  သြဂုတ်  ၂

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဒေသထွက် ထန်းလက်ကုလားထိုင်များ အရောင်းသွက်၍ အိမ်တွင်းလက်မှု စီးပွားရေး လုပ်ငန်းအဖြစ် အောင်မြင်လျက်ရှိကြောင်း သိရသည်။

သာစည်  သြဂုတ်  ၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မိုးခိုနှမ်းစိုက်ပျိုးကြသည့် တောင်သူကြီးများ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့်အပင်များ၊ အသီး၊ အပွင့်ဝင်ချိန်တွင် မိုးရေကြောင့် အပင်များ ပျက်စီးဆုံးရှုံး ခဲ့ကြရသဖြင့် နှမ်းအထွက် ကျဆင်းကြောင်း သိရသည်။

နေပြည်တော်  သြဂုတ်  ၂

နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကျောင်းရွာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပျဉ်းမနားမြို့ စားသုံးသူ ရေးရာဦးစီးဌာန  ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပညာေ ရးဌာနနှင့် ပူးပေါင်း၍ စားသုံးသူ အကာအကွယ်ပေးရေး အသိ ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပကြောင်း  သိရသည်။

လွိုင်ကော်  သြဂုတ်  ၁

ရာသီတုပ်ကွေးရောဂါ H1N1 နှင့် ပတ်သက်၍ အသိပေး ရှင်းလင်းခြင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လွိုင်ကော်မြို့  ကယားပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန   အစည်းအဝေးခန်းမ၌   ကျင်းပသည်။

ပျော်ဘွယ်  သြဂုတ်  ၂

မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး အသိပညာပေးယာဉ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီက ပျော်ဘွယ်မြို့ မြို့မရဲစခန်းအနီးတွင် မှုခင်းကျဆင်းရေးဆိုင်ရာများ ဟောပြောခြင်းနှင့် မှုခင်းဆိုင်ရာ ပညာပေးပြခန်းများ  ပြသကြောင်း သိရသည်။

Page 1267 of 1270