SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နေပြည်တော် စက်တင်ဘာ ၁၁

မောင်တောမြို့နယ် ကျီးကျွန်းရဲကင်းစခန်း၌ လောင်းလှေ နှစ်စင်းနှင့် လှေပေါ်ပါရှိသူ အလောင်းတစ်လောင်းနှင့်လူ ၁၆ ဦး အား ယမန်နေ့  မွန်းလွဲ    နာရီ  ၁၅  မိနစ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ကျိုင်းတုံ  စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် မြို့သစ်ရပ်ရှိ တိုင်းလိခန်းမ၌  ယနေ့ နံနက် ၉ နာရီတွင် ကျိုင်းတုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့် UN Habitat တို့ပူးပေါင်း၍ မြို့နယ်အဆင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

ရန်ကုန်   စက်တင်ဘာ  ၁၁

၂ဝ၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၇) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းတွင် YUSC ကွင်း၌ ကျင်းပရာ မကွေးအသင်းနှင့် Southern အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။

နေပြည်တော်  စက်တင်ဘာ  ၁၁

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ပင်လယ် ပြင်လုံခြုံရေး ဆောင်ရွက်စဉ် စက်တင်ဘာ ၁ဝ ရက် ညပိုင်းတွင် ရေပြည့်အော်၏ အနောက်မြောက်ဘက်၌ မသင်္ကာဖွယ်စက်လှေ တစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မြိတ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၉ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။

ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့် လူထု လှုံ့ဆော်ပွဲ စတင်ဖွင့်လှစ် ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သဝဏ်လွှာ

မြိတ်  စက်တင်ဘာ   ၁၁

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများ၌ ရွေ့လျား ဈေးရောင်းချခြင်း လုပ်ငန်းလုပ် ကိုင်သူ များပြားလာသောကြောင့် ဈေးဝယ်သူများ အနေဖြင့် ဈေးသို့ သွားရောက်ရန် မလိုဘဲ ဝယ်ယူရရှိလာသဖြင့်  ပိုမို အဆင်ပြေလာကြောင်း သိရသည်။

ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခ ရိုင် ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စု ဇီးဖြူပင်ကျေးရွာ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

ပခုက္ကူမြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၇)ဖွင့်ပွဲကို ယနေ့ နံနက်၈ နာရီတွင် ပခုက္ကူခရိုင် မီးသတ်ဦးစီး ဌာနရုံးခန်းမ၌ ကျင်းပသည်။

Page 1273 of 1396