SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 105

မန္တလေး သြဂုတ် ၃

မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး အသိပညာပေး ယာဉ်ဖြင့် မှုခင်းဆိုင်ရာ အသိပညာပေး ဟော ပြောခြင်း၊ ပညာပေးပြခန်းများ ပြသခြင်းတို့ကို ယနေ့နံနက် ၉ နာရီတွင် ရမည်းသင်းမြို့ သီလဝခန်း မရှေ့၌ ဆောင်ရွက် ကြောင်း သိရသည်။

နေပြည်တော် သြဂုတ် ၃

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား စာဖတ်သည့်အလေ့အကျင့် ကောင်းများ ရရှိစေပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်ကို ကောင်းစွာ အသုံးချတတ်စေရန် ရည် ရွယ်၍ ဒက္ခိ ဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့် စာကြည့်တိုက် ဖွင့်လှစ်ကာ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးကြသည်။

နွားထိုးကြီး သြဂုတ် ၃

မန္တလေးတိုင်း ဒေသကြီး  မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူး ဦးကျုံး လျန်ဗွိုင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ကသာ သြဂုတ် ၃

ဇေယျမုနိစေတီတော်မြတ်ကြီးနှင့် ဂန္ဓကုဋိတိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်မည့် စန္ဒမုနိကျောက်သား ဆင်းတုရုပ်ပွား တော်မြတ်ကြီး တည်ထားပူဇော်ရန် မြေသန့်ပန္နက်တော်တင် အုတ်မြစ်တော်စီ မင်္ဂလာကို စစ်ကိုင်း တိုင်း ဒေသကြီး ကသာမြို့နယ် ကူးကာအုပ်စု ထောင့်တလီကျေးရွာ ကျွဲစခန်းကြီး ကုန်းတော်ပေါ်၌ ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပသည်။

မြိတ်  သြဂုတ် 

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ပြည်သူ့ ဆေးရုံကြီး၌ ထိုင်းနိုင်ငံ နားအထူးကု ဆရာဝန်ကြီးများက နားနှင့်ပတ်သက် သောရောဂါများကို သြဂုတ် ၇ ရက်မှ  စတင်၍အခမဲ့ လာရောက် ကုသပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

လားရှိုး သြဂုတ် 

အသက် ၁ဝ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ လားရှိုးပညာရေး ကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်း ပသည်။

ကျောက်မဲ  သြဂုတ် 

စပါးစိုက်ပျိုး နည်းပညာများ ကွင်းဆင်းသရုပ်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာ အုပ်စု ခိုမုန်းကျေးရွာ၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။

ရွာငံ သြဂုတ် ၃

ကျေးလက်အသက်မွေး ဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ရွာငံမြို့နယ် ဗထူးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

မြောက်ဦး  သြဂုတ် 

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းလမ်းမှာ ချိုင့်ခွက်များ ဖြစ်ပေါ်နေပြီး လမ်းပခုံးသား များပျက်စီးမှု ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံပြည်သူများက အမြန်ဆုံး ပြုပြင်ပေးရန် လိုလားလျက် ရှိကြောင်း သိရသည်။

Page 1280 of 1287