SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တာချီလိတ်  စက်တင်ဘာ 

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့ ဆန်ဆိုင်းအခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ခင်ဦး စက်တင်ဘာ 

မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး သင်တန်းဖွင့်ပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

နေပြည်တော်  စက်တင်ဘာ 

ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ်တွင် ယနေ့နံနက် ၆ နာရီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာများ အတွင်းသို့ ရေများဝင်ရောက်ခြင်း၊ စာသင်ကျောင်းများ ရေဝင်ခြင်း၊ ကတ္တရာလမ်းများ ပျက်စီးခြင်းနှင့် တံတားမျောပါပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။

နေပြည်တော်  စက်တင်ဘာ 

စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဆွေးနွေးပွဲကို နေပြည်တော် ကောင်စီ နယ်မြေ ဥတ္တရခရိုင် တပ် ကုန်းမြို့နယ် ပျော်ရွာကျေးရွာ အခြေခံပညာ မူလတန်းကျောင်းခွဲနှင့် မိုးနံကုန်းကျေးရွာ အမှတ်(၈၆) အခြေခံပညာ မူလတန်း ကျောင်းတို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ကနီ  စက်တင်ဘာ 

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖ လား မြို့နယ်အဆင့် ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် ၂၂ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယမန်နေ့  ညနေပိုင်းက မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။

ပျော်ဘွယ်  စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ကြက်ခြေနီ အသင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ အကြောင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အကြောင်း အသိပညာပေး ဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများ အား တစ်ကိုယ်ရေ ကျန်းမာရေး စစ်ဆေး ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ပန်းစုံ)၌ ဆောင်ရွက်သည်။

မိတ္ထီလာ  စက်တင်ဘာ 

မိတ္ထီလာမြို့ အတွင်းရှိ ဆေးအရောင်းဆိုင်များ၌ တရားမဝင် ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် စပ်ဆေးများ ရောင်းချမှုရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် တိုင်းဒေသကြီး/ခရိုင်အဆင့် အစားအသောက်နှင့်  ဆေးဝါးများ ကွပ်ကဲရေး ဦးစီးဌာနခွဲမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ေ ဆးသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာ အနီးတစ်ဝိုက် ဗန်းမောက်-မံစီ ကားလမ်းပေါ်ရှိ ကတ္တရာလမ်းမှာ ယခုအခါ ပေါက်ပြဲကာ ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေသဖြင့် လမ်းကို အသုံးပြုလျက်ရှိသော ခရီးသွား ပြည်သူများ အနေဖြင့် အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Page 1285 of 1397