SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မင်းပြား   သြဂုတ် 

ရခိုင်ပြည်နယ်တွင် နေအိမ် အမိုးအဖြစ် အသုံးပြုသည့် ဓနိချပ်များမှာ ထုတ်လုပ်သူ နည်းလာခြင်း၊ ဓနိတောများ ပြုန်း တီးလာခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း ဒေသတွင်းရှိ ဓနိရောင်းဝယ်ရေး လုပ်ကိုင်သူ များထံမှ သိရှိရသည်။

သီပေါ  သြဂုတ် 

ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ နယ် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး မန်ဟဲတိုးဂိတ်နှင့်  မြို့တွင်း လူစည်ကားရာ လမ်းခွများ၌  အ မှတ်(၁၂ဝ) ယာဉ်ထိန်းရဲတပ် ဖွဲ့စု တပ်ဖွဲ့စိတ်(သီပေါ)၊ နယ်စည်းမခြား ပရဟိတ(သီပေါ)နှင့် အကျိုးတော်ဆောင် လူ ငယ်များသည် ယမန်နေ့က ပူးပေါင်း ဆောင်ရွက်ကြသည်။

တိုက်ကြီး  သြဂုတ် 

ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေလျှံတက်မှုတို့ကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃၇ အုပ်စု ၊ တောင်သူပေါင်း ၃၉၉၇ ဦး၊  ဦးပိုင်ပေါင်း ၄၉ဝ၅ တို့တွင် စိုက်ပျိုးထားသော မိုးစပါး စိုက်ဧက ၂၇၇၈ဝ ရေကြီး နစ်မြုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှ သိရသည်။

နေပြည်တော်     သြဂုတ်    

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် Archbishop Paul Tschang In-Nam အား ဗန်ကောက်မြို့ အခြေစိုက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဗာတီကန်မြို့ပြနိုင်ငံ (Holy See) သံအမတ်ကြီး (Apostolic Nuncio) အဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည်။

လပွတ္တာ  သြဂုတ် 

ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လပွတ္တာမြို့ပေါ်ရှိ ဈေးများ၌ ရောင်းချလျက်ရှိသော ကြက်သား အရောင်းဆိုင်များအား လိုက်လံစစ်ဆေးခြင်းကို ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ စိုးလှိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့  နံနက် ၁ဝ  နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။

ရန်ကုန်  သြဂုတ် 

ပြည်တွင်းရှိ တစ်ပိုင်တစ်နိုင် နွားမွေးမြူရေး လုပ်ငန်းများအနေဖြင့်   အရည်အသွေး လိုအပ်ချက်အတိုင်း   သန့်ရှင်းအောင် မလုပ်ဆောင်ပါက  ဈေးကွက်၌   ကျန်ခဲ့နိုင်သည့် အတွက်   တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများအား  စနစ်တကျနှင့် သန့်ရှင်းရန် လိုအပ်ကြောင်း    မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းမှ  သိရသည်။

ရန်ကုန်   သြဂုတ်  

Mastercard မှကြီးမှူး၍ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်း၍ မြန်မာ့ SME

ရန်ကုန်   သြဂုတ်  

ရန်ကုန်တိုင်းဒေသကြီး   ဒလမြို့နယ် ဘုရင့်နောင်ရပ်ကွက်  ဦးအောင်ဇေယျ(၈) လမ်းရှိ အမှတ်(၁၉)အခြေခံပညာ မူလတန်းကျောင်းတွင် Samsung C & T Company Plan Korea အဖွဲ့အစည်းမှ Mr. Jung Yun Seo ဦးဆောင်သော တောင်ကိုရီးယား နိုင်ငံမှ လူငယ် ၂၈ ဦးအဖွဲ့နှင့် Plan International Myanmar အဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင် ၃၁ ရက်မှစ၍ သြဂုတ် ၃ ရက်အထိ စာသင်ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော် သြဂုတ် ၁

နေပြည်တော် ကောင်စီ နယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မွေးကင်းစမှ နှစ် နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်းနှ င့် တိုက်ကျွေး ခြင်းအပြင် ရာသီတုပ်ကွေး ရောဂါ (H1N1) ပညာပေး ဟောပြောခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီတွင် ဆောင်ရွက်သည်။

Page 1327 of 1328