SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 106

နေပြည်တော်  သြဂုတ်  ၂၂

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၄၈ ရက်မြောက်နေ့ကိုယနေ့ နံနက် ၁ဝ နာရီ တွင်ကျင်းပသည်။ အစည်း အဝေးတွင် ကောလင်းမဲ ဆန္ဒနယ်မှ

ရန်ကုန်   သြဂုတ်   ၂၂

ဧရာဝဏ်နှင့်  ရတနာအိမ်ရာ စီမံကိန်းအတွင်းမှ အဆောက်အအုံ ၁၈  လုံးကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း၍ လိုအပ်သော အခြေခံ အဆောက်အအုံများ  ဖြည့်တင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက် လုပ်ရေး ဝန်ကြီးဌာန   မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်မြို့အတွင်း YBS ခရီးသည်တင်ယာဉ်များ ရပ်နားရန်နေရာများကို စနစ်တကျ သတ်မှတ်ပေးရန်နှင့်  YBS ဘတ်စ်ကား မှတ်တိုင်များကို ပြင်ဆင်ပေးရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အဆိုတင်သွင်းမည် ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်    ဦးညီညီထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၂

မီးလောင်ပျက်စီးခဲ့သည့်  ရန်ကုန်မြို့ရှိ မင်္ဂလာဈေးကြီးကို ပြန်လည်တည်ဆောက်ရန် မြေနေရာ လိုအပ်ချက်ကြောင့် မင်္ဂလာဈေးအနီး ဖွင့်လှစ်ထားသည့်  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရန်ကုန်မြို့တော်ဘဏ် အဆောက်အအုံကို ဖျက်သိမ်းမည်ဖြစ်‌ကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရမည်းသင်း သြဂုတ် ၂၂

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ဆူးတပ်အုတ်ဖို ကျေးရွာအုပ်စု ဆူးတပ်ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ပေးသည့် လူထုဗဟိုပြု စီမံကိန်းမှ ကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ဗန်းမော် သြဂုတ်  ၂၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြစ်ရေ ကြီးခဲ့ခြင်းကြောင့် လယ်ဧက ၁ဝဝဝဝ ကျော် ရေမြုပ်ခဲ့ပြီး ရေတိုးဝင်ခဲ့သည့် စာသင်ကျောင်းများလည်း ပိတ်ထားနေရဆဲ ဖြစ်ကြောင်း သိရသည်။

၁။ ၂ဝ၁၈ ခုနှစ်၊ (၇၃)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်ချီသီချင်း၊  စစ်သည် တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုပြိုင်ပွဲဝင်ရန် စာမူများ ဖိတ်ခေါ်ပါသည်။ ဆုရရှိသော စစ်ချီသီချင်း၊ စစ်သည် တေးသီချင်းများအား မြဝတီ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ဖော်ပြသွားမည် ဖြစ်ပြီး ကဗျာနှင့်ဝတ္ထုများအား မြဝတီမဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်းနှင့် တပ်မတော် စာစဉ်တို့တွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ပခုက္ကူ  သြဂုတ် ၂၁

ပခုက္ကူမြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ဒသမ အကြိမ်မြောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆေးနှင့် ဆားလှူဒါန်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ပခုက္ကူမြို့ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် (အရှေ့တိုက်)၌ ကျင်းပသည်။

Page 1332 of 1396