SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

ဂျပန်လူမျိုးတွေဟာ ဆန်ကိုစားပေမယ့် မြန်မာတွေလို အများကြီးမစားတတ်ပါဘူး။ လက်ဖက် ရည် လုံးသာသာ ပန်းကန်ထဲမှာ ထမင်းကို ဟင်းများများနဲ့ စားတတ်ပါတယ်။

ရန်ကုန် သြဂုတ် ၂၂

ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခုအခါ ဟောင်ကောင်နှင့် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ ထူထောင်ရန် စီစဉ်လျက် ရှိကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

ရန်ကုန် သြဂုတ် ၂၂

ဖိလစ်ပိုင် အစိုးရ၏ ကမ်းလှမ်းမှုကြောင့် မြန်မာ့ဆန်ကို ဖိလစ်ပိုင် နိုင်ငံသို့ တင်ဒါစနစ်ဖြင့် တင်ပို့ရောင်းချနိုင်ရန် တင်ဒါဝင်ပြိုင်ခဲ့ရာ ဈေးနှုန်းမြင့်နေသည့် အတွက် တင်ဒါမအောင်မြင် ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင် ထံမှ သိရသည်။

ဗန်းမော်  သြဂုတ်  ၂၂

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မိုးမောက်ချောင်းနှင့် ကျောက်စခန်းကွင်းရှိ စပါးခင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါစပါးခင်း၌ ကျင်းပသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် အားကစားမောင်မယ်များသို့ ပေးပို့သည့် သဝဏ်လွှာ (၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၂ ရက်) မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ မှ သြဂုတ်လ ၃ဝ ရက်နေ့အထိ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင် လျက်ရှိကြတဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစား မောင်မယ်များ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒလ  သြဂုတ်  ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပျော်ဘွယ်ကြီး စံပြကျေးရွာ၌ စာကြည့်တိုက် မရှိခြင်းကြောင့် ကျေးရွာအတွင်း စာကြည့်တိုက်တစ်ခု ဖြစ်မြောက်အောင်မြင်စေရေးအတွက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

နေပြည်တော်  သြဂုတ်  ၂၂

ဒုတိယအကြိမ်  အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၄၇ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နွားထိုးကြီး  သြဂုတ်  ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်၌ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်း (ပထမနှစ်စက်ဝန်း) အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်မြို့၏ ကျက်သရေဆောင် ရွှေတိဂုံ စေတီတော်ရင်ပြင်၌  နေပူခံကျောက်ပြား ၄၄ဝဝဝ ကို အောက်တိုဘာလ အပြီးသတ်မှတ်၍  လဲလှယ်ခင်းကျင်းမှု  ပြုလုပ်လျက် ရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

Page 1333 of 1398