SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပျော်ဘွယ် သြဂုတ် ၁၅

မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောင်းရွာအုပ်စု အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း ဖွင့်လှစ်ခြင်းနှင့် အရန်မီးသတ် ဝတ်စုံများ ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီခွဲက ကျောင်းရွာ ကျေးရွာ ဘုန်းတော်ကြီးေ ကျာင်း၌ ကျင်းပသည်။

ခန္တီး  သြဂုတ် ၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် သြဂုတ် ၁၄ ရက် ညနေ ၄ နာရီခွဲက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အိမ်ထောင်စု ၅၄၅ စုကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး စာသင်ကျောင်း ၂၂ ကျောင်းကို ယာယီပိတ် ထားကြောင်း သိရသည်။

နေပြည်တော် သြဂုတ် ၁၅

နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ရန်ပုံငွေ ဆောင်ရွက်ခွင့်ရရှိသည့် ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာနှင့် သာယာ ကုန်းကျေးရွာအုပ်စု ရုံးပင်စောင်းကျေးရွာတို့၌ မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီနှင့် ဘဏ္ဍာရေး ဆပ်ကော်မတီများ ဖွဲ့စည်းပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။

နေပြည်တော် သြဂုတ် ၁၅

နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ရုံးလုပ်ထုံးလုပ်နည်း အခြေခံ သင်တန်း အမှတ်စဉ်  (၁/၂ဝ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၁ နာရီက အဆိုပါရုံး၌ ကျင်းပ သည်။

မုံရွာ သြဂုတ် ၁၅

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းသို့ ဖြတ်သန်း စီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ရေသည် ဒုတိယအကြိမ်   မြင့်တက် လာမှုကြောင့် အထက်ပိုင်းဒေသသို့ ပြေးဆွဲလျက်ရှိသော ကုန်စည်၊ ခရီးသည်ပို့ဆောင်ရေး ခရီးစဉ်များကို သြဂုတ် ၁၆ ရက်မှ ၂ဝ ရက်အထိ ငါး ရက်ကြာ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မုံရွာမြို့ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ သိရသည်။

နေပြည်တော်  သြဂုတ်   ၁၅

အသက်ခြောက်လမှ ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေ (ကြက်မျက်သင့်ရောဂါ ကာကွယ်ဆေး)နှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်ကျန်း မာရေး ဆေးပေးခန်း၌ ဆောင်ရွက်ပေးသည်။

ရန်ကုန်   သြဂုတ်   ၁၅

ယခုနှစ်  ခုနစ်လတာအတွင်း  နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ် ကာလတူထက်   ၂ဝ  ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Page 1334 of 1377