SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

ရန်ကုန် သြဂုတ် ၁၅

YBS ယာဉ်လိုင်းများတွင်  ယာဉ်စီးခ ကောက်ခံသည့် စပယ်ယာများ တွေ့ရှိပါက YRTA သို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ  သိရသည်။

ရန်ကုန် သြဂုတ် ၁၅

ရေဆိုးစွန့်ပစ်ရာ၌  သန့်စင်နိုင်မှုနည်းပညာ အားနည်းနေသော ရွှေပြည်သာစက်မှု  ဇုန်မှ အရက်ချက်စက်ရုံတချို့ကို  ယနေ့မှစ၍   ယာယီပိတ်သိမ်းရန် စီစဉ်ထားရှိကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး   ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) နှင့် Yangon Payment Services(YPS) ၏ YBS ယာဉ်လိုင်းတွင် ကတ်စနစ်ဖြင့် ငွေပေးချေမှုလုပ်ငန်း ဝန်ဆောင်မှု အတွက်

မော်လမြိုင်   သြဂုတ်  ၁၅

မွန်ပြည်နယ် သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ သထုံမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန မူလတန်းကြိုကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက မွန်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Dan Church Aid(DCA) မြန်မာတို့ ပူးပေါင်း၍ ယူနီဆက်၏  ပံ့ပိုးကူညီမှုဖြင့် မိုင်းအန္တရာယ် အသိပညာပေး ဆရာဖြစ် သင်တန်းဖွင့်ပွဲ ကျင်းပသည်။

စစ်တွေ  သြဂုတ်  ၁၅

ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ စစ်တွေမြို့လေဆိပ်၌ ဖွဲ့စည်းထားသော ငါးရာဒါနပရဟိတ အဖွဲ့က အသက်ကယ်ဝတ်စုံ ၁ဝဝ ကို ယမန်နေ့က လှူဒါန်းကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၁၅

ပညာရေးအတွက် အနုပညာ (Art for Education) အမည်ရှိ ပရဟိတလေလံပွဲကို သြဂုတ် ၁၉ ရက်  ညနေ ၆ နာရီမှ ည ၈ နာရီအထိ ကမ္ဘာအေးဘုရားလမ်းနှင့် ရွှေဂုံတိုင်လမ်းဆုံ  ရွှေဂုံပလာဇာ  တတိယထပ် ပါရမီကောလိပ် ဗဟန်းမြို့နယ်၌  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ခိုလမ် သြဂုတ် ၁၅

ရွှေစေတီ ဓမ္မစကူးဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ အမှတ်(၁) ရပ်ကွက် ရွှေစေတီ ကျောင်းတိုက်၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

ဂန့်ဂေါ  သြဂုတ်  ၁၅

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်း မြစ်သာမြစ်ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့်  မြစ်သာ ရေလှောင်တမံ ဘက်စုံစီမံကိန်း ရေဝပ်ဧရိယာအတွင်း ကျရောက်၍ ရွှေ့ပြောင်း တည်ဆောက်ထားရှိသော ပနန်း၊ စပယ်၊ ယင်းမာနှင့် စင်ပုံကျေး ရွာသစ်များသို့ မြစ်သာရေလှောင်တမံ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ် အား၂၄ နာရီ ပို့လွှတ်ဖြန့်ဖြူးနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်အောင် သြဂုတ် ၁၅

တိုင်းရင်းဆေးဝါး ဥပဒေအရ တားမြစ်ထားသော တိုင်းရင်းဆေးဝါး များရောင်းချခြင်း ရှိ၊ မရှိကို ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့ နေခြည်ဈေးအတွင်းရှိ ဆေးဆိုင်များနှင့် မြို့ပေါ် ရပ်ကွက်များ အတွင်းရှိ ဆေးဆိုင်များ၌ ယမန်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။

Page 1335 of 1377