SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 106

မြန်အောင် သြဂုတ် ၁၅

တိုင်းရင်းဆေးဝါး ဥပဒေအရ တားမြစ်ထားသော တိုင်းရင်းဆေးဝါး များရောင်းချခြင်း ရှိ၊ မရှိကို ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့ နေခြည်ဈေးအတွင်းရှိ ဆေးဆိုင်များနှင့် မြို့ပေါ် ရပ်ကွက်များ အတွင်းရှိ ဆေးဆိုင်များ၌ ယမန်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။

ညောင်လေးပင်   သြဂုတ်  ၁၅

လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၁၂) စက်မှု လယ်ယာစခန်း၌ ကျင်းပကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၁၅  

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အဆိုပြုလွှာများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံးခွဲကို အောက်တိုဘာလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း   မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)မှ သိရသည်။

မော်လမြိုင် သြဂုတ် ၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ၌ ယမန်နေ့ ည ၈ နာရီခွဲက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့်  မြို့မ(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း အုတ်တံတိုင်း ပြိုလဲကာ ရပ်ကွက်အတွင်းရှိ ကိုယ်ထူကိုယ်ထ ဓာတ်တိုင်များ လည်း ပြိုလဲပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ရွှေကူ     သြဂုတ်    ၁၅

ကချင်ပြည်နယ် ရွှေကူမြို့နယ် နောင်လက်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အခြေခံ အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

ရန်ကုန်   သြဂုတ်   ၁၅

ယခုဘဏ္ဍာနှစ် သြဂုတ် ပထမပတ်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၇ ဘီလီယံကျော်အထိ ဝင်ရောက်ထားရာ ယခုနှစ်အတွက် လျာထားချက်၏  ထက်ဝက်ကျော်အထိ ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

ရန်ကုန်   သြဂုတ်   ၁၅

 မြန်မာနိုင်ငံမှ ပန်းအစိုများကို အဆင့်မြင့်နည်းပညာဖြင့် တာရှည်ခံအောင် ပြုလုပ်၍ ဂျပန်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ရန် ဂျပန်ကုမ္ပဏီ တစ်ခုက ကမ်းလှမ်းမှုများ ရှိလာပြီး နှင်းဆီပန်းကို ပိုမိုစိတ်ဝင်စားမှုရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFVP) ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်ထံမှ သိရသည်။

ရန်ကုန်   သြဂုတ်   ၁၅

EDNA Myanmar နှင့် DSMED (Department of Small and Medium Enterprises Development) တို့ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ စွန့်ဦးတီထွင် စွမ်းဆောင်မှုသင်တန်း ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း DSMED တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။

မော်လမြိုင်   သြဂုတ်   ၁၅

မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်း အရှည်ကီလိုမီတာ ၂၈ဝဝ ကျော်ပိုင်ဆိုင်ထားသည့်အတွက် ခရီးသွားလာမှု အကောင်းဆုံးနှင့် စိတ်ဝင်စားမှု အကောင်းဆုံး ကမ်းရိုးတန်း ဒေသများကို အဏ္ဏဝါ ခရီးသွားလုပ်ငန်း (Marine Touri sm) အဖြစ်ပြုလုပ်ပါက နိုင်ငံအတွက် ပိုမိုအကျိုးရှိလာနိုင်မည် ဖြစ်ကြောင်း မော်လမြိုင် တက္ကသိုလ် အဏ္ဏဝါ သိပ္ပံဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ စံသာထွန်းထံမှ သိရသည်။

Page 1337 of 1378