SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

နေပြည်တော်  သြဂုတ်  ၁၃

နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် သစ်လေးလုံး ကျေးရွာအုပ်စု သစ်လေးလုံးကျေးရွာ၌ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်  အဆိုပါ ကွန်ကရစ် လမ်းသစ် မုခ်ဦး၌ ကျင်းပသည်။

မန္တလေး  သြဂုတ်  ၁၃

မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ မြန်မာ့ရိုးရာ လက်ဝှေ့ အထူးစိန်ခေါ်ပွဲကို မန္တလေးတိုင်း ဒေသကြီး ချမ်းမြ သာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်း ရိုးရာလက်ဝှေ့ရုံသစ်၌ သြဂုတ် ၁၈ ရက် ညနေ ၆ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူ  သြဂုတ်  ၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာငါးရွာ၌ မြစိမ်းရောင် စီမံကိန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ထပ်မံတိုးချဲ့အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

ခန္တီး  သြဂုတ်  ၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့၌ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အိမ်ထောင်စု ၁၄၇ စုမှ လူဦးရေ ၆၆၈ ဦးကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးကြောင်း သိရသည်။

သာစည်  သြဂုတ်  ၁၃

မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၈ဝ အုပ်စုတွင် ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်၌ မိုးစပါး လယ်မြေဧက ၄၈၅၇ဝ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရသည်။

နေပြည်တော်   သြဂုတ်   ၁၃

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ကျောင်းသား သုံးထပ်အိပ်ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန် နေ့နံနက်ပိုင်းက ကျင်းပ သည်။

မော်လမြိုင်  သြဂုတ်  ၁၃

နိုင်ငံတကာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်ရှိ အိမ် တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီ ၁၅ မိနစ်က ကျင်းပသည်။

ပဲခူး   သြဂုတ်   ၁၃

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၃)ရှိ ပညာ့ဗိမာန် စာကြည့်တိုက်၌ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပသည်။

နေပြည်တော်  သြဂုတ်  ၁၃

နေပြည်တော် ကောင်စီနယ်မြေ  ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်၌ ပဲတီစိမ်းရိုးပြတ် လယ်များတွင် မိုးစပါး စိုက်ပျိုးချိန်မီ ရန် ကျွဲ၊ နွားထယ်ရှဉ်း/ထွန်ရှဉ်းအစား လယ်ထွန်စက်ကြီးများဖြင့် ငှားရမ်းထွန်ယက်မှုများကို အားထား အသုံးပြုလာကြသည်။

Page 1340 of 1377