SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

မော်လမြိုင်  သြဂုတ်  ၁၃

နိုင်ငံတကာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်ရှိ အိမ် တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီ ၁၅ မိနစ်က ကျင်းပသည်။

ပဲခူး   သြဂုတ်   ၁၃

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၃)ရှိ ပညာ့ဗိမာန် စာကြည့်တိုက်၌ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပသည်။

နေပြည်တော်  သြဂုတ်  ၁၃

နေပြည်တော် ကောင်စီနယ်မြေ  ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်၌ ပဲတီစိမ်းရိုးပြတ် လယ်များတွင် မိုးစပါး စိုက်ပျိုးချိန်မီ ရန် ကျွဲ၊ နွားထယ်ရှဉ်း/ထွန်ရှဉ်းအစား လယ်ထွန်စက်ကြီးများဖြင့် ငှားရမ်းထွန်ယက်မှုများကို အားထား အသုံးပြုလာကြသည်။

ပဲခူး  သြဂုတ်   ၁၃

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝမ်းဘဲအင်း ကျေးရွာအနီး တည်ထား ကိုးကွယ်သော သမိုင်းဝင် ဆံတော်ရှင်  ဒေးစွန် ပါစေတီ၏ တောင်နံရံပြိုကျမှု ဖြစ်ပေါ်လျက်ရှိရာ ယနေ့တွင် လှေကားထစ်စနစ်ဖြင့် တောင်ထိန်းနံရံ ပြုပြင်ခြင်းများ  ဆောင်ရွက်လျက်ရှိသည်။

တောင်ကြီး  သြဂုတ်   ၁၃

(၂၅)နှစ်မြောက် တောင်ကြီး တက္ကသိုလ် ငွေရတု နှစ်ပတ်လည်နေ့အကြို ကာယဗလမောင်နှင့်  ကာယအလှမယ် ပြိုင် ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်ရှိ  တောင်ကြီး တက္ကသိုလ်ဘက်စုံ ခန်းမ၌ ကျင်းပသည်။

စစ်ကိုင်း   သြဂုတ်   ၁၃

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ နန်းဦးမြို့သစ် ရပ်ကွက်ရှိ သစ္စာမွန် သမဝါယမ အသင်းစုမှ ရပ်ကွက်နေပြည် သူများ စားဝတ်နေရေး အဆင်ပြေစေရန်၊ တစ်ပိုင်တစ်နိုင် ရောင်းဝယ်ရေး လုပ်ငန်းများဖြင့် နေ့စဉ် ဝင်ငွေရရှိနိုင်စေရန် ရည်ရွယ်၍ သမဝါယမ အသင်း စုပိုင် ငွေကျပ်သိန်း ၃ဝဝ ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စိုက်ပျိုး/မွေးမြူရေး အမှတ်(၁)ရပ်ကွက်၊ လေးထောင့်ကန် စစ်မှုထမ်းဟောင်း အိမ်ရာ အကွက်အမှတ်(၉)တွင် ၁၈-၅-၂ဝ၁၅ ရက်နေ့၌ မြေနေရာ ချထားပေးခဲ့ပြီး လာရောက်နေထိုင်ခြင်း၊ ပြင်ဆင်ခြင်းများ မရှိသည်ကို တွေ့ရှိရပါသည်။

နေပြည်တော်  သြဂုတ်  ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှာခေါင်းတိုကင်းစခန်း ချောင်းဝအနီး၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လေးဦးအား  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်  သြဂုတ်  ၁၃

ယခင်လက သိန်းတစ်သောင်းဆု အောင်ဘာလေ ထီလက်မှတ်များ အနက်မှ အစောင်ရေ တစ်သိန်းခွဲကျော် ရောင်းမကုန်ဘဲ ကျန်ရှိနေခြင်းကြောင့် စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည့် (၆) ကြိမ်မြောက် အောင်ဘာလေ ထီဆုဖွင့်ပွဲအတွက် ထီလက်မှတ် လျှော့ ထုတ်ထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

ရန်ကုန်  သြဂုတ်  ၁၃

ပြည်တွင်း၌ တိုင်းရင်းဆေးဝါး မှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ် တိုင်းရင်းဆေးဝါး ကြီးကြပ်ရေး ကော်မတီထံသို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

Page 1342 of 1378