SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့ ဒေးဒရဲ မြို့နယ်ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Monday, 11 December 2017 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၁ဝ

ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည် ယနေ့တွင် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၉ဝ၃ ဦးအား အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကလေးရောဂါ ၇၉ ဦး၊ ဆေးကုသမှု ဆိုင်ရာရောဂါ ၂၄၁ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၉ ဦး၊ အရိုးရောဂါ ၁ဝ၁ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၈၂ ဦး၊ မျက်စိရောဂါ ၁၄၂ ဦးနှင့် သွားရောဂါ ၈၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၂၂ ဦး၊ သွားခွဲစိတ် လူနာ ၃၈ ဦးနှင့် အရိုးခွဲစိတ် လူနာငါးဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်မှု ၁၉ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 350 times Last modified on Monday, 11 December 2017 09:22