×

Warning

JUser: :_load: Unable to load user with ID: 107
Print this page

ကချင်ပြည်နယ် ဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Monday, 11 December 2017 08:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၁ဝ

ကချင်ပြည်နယ်၊ အင်းတော်ကြီး ဒေသနှင့် ညောင်ပင်ကျေးရွာ တို့ရှိ ဒေသခံ ပြည်သူများအား ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ညောင်ပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မျက်စိ ရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ ဒူးနာရောဂါ၊ ခါးနာရောဂါ၊ အစာအိမ်ရောဂါ၊ အသည်းအဆီဖုံး ရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ လေးဖက်နာရောဂါ၊ အရေပြား ရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် ဒေသခံ ပြည်သူစုစုပေါင်း ၂၇၁ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 390 times Last modified on Monday, 11 December 2017 11:04