SJ WorldNews - шаблон joomla Авто

ပုသိမ်မြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၏ ပညာရေးစုံညီ ပွဲတော်ပြုလုပ်

Wednesday, 10 January 2018 08:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းခန်းမ၌ပြုလုပ်ရာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုများပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

Read 285 times Last modified on Wednesday, 10 January 2018 08:15