SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့၊ မင်္ဂလာဂူ ဝိပဿနာရိပ်သာ စာသင်တိုက်ရှိ မဟာမုနိစန္ဒာ ကြံတိုင်းအောင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲပြုလုပ်

Wednesday, 10 January 2018 08:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ မင်္ဂလာဂူဝိပဿနာ ရိပ်သာ စာသင်တိုက်ရှိ မဟာမုနိစန္ဒာ ကြံတိုင်းအောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရွှေထီး တော်တင်လှူပွဲကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ပြုလုပ်ရာ ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ မင်းကွန်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီး ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ် သံဃနာယကဥက္ကဋ္ဌထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ရွှေထီးတော်ဘုံအဆင့်များ၊ ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်နှင့် ဌာပနာတော်တို့ကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။

 ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက စေတီတော်အတွက် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်နှင့် ဌာပနာတော်များကို ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး မင်္ဂလာပန်းရထား ပျံဖြင့် အစီအစဉ်အတိုင်း တင်လှူပူဇော်ကြကာ နံ့သာရည်နှင့် ရတနာရွှေမိုးငွေမိုးများ ပက်ဖျန်းရွာသွန်းခဲ့ကြသည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သိမ်ဆင်းသံဃာ အပါး ၁ဝဝ အား လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။  

Read 283 times Last modified on Wednesday, 10 January 2018 08:21