SJ WorldNews - шаблон joomla Авто

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲ ပြုလုပ်

Friday, 19 January 2018 08:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၈

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်  လေ့ကျင့် ရေး ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူ များက ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ  ယှဉ်ပြိုင် နေမှု များကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသော အသင်းများ အား တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်သည်။

အဆိုပါ   မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို  ပြိုင်ပွဲဝင်အသင်း ၂ဝ သင်း ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြောင်း သတင်းရရှိ သည်။

Read 261 times Last modified on Friday, 19 January 2018 08:45