SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Friday, 19 January 2018 08:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဗန္ဓုလ ကျေးရွာ၊ အောင်သပြေကျေးရွာ၊ တပ်ချောင်း ကျေးရွာနှင့်  ပတ်ဝန်း ကျင် ကျေးရွာများမှ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်  နယ်လှည့် ဆေးကုသရေးအဖွဲ့က ဗန္ဓုလကျေးရွာရှိ အခြေခံ ပညာ မူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုး ရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါ၊ အရိုး/ အကြောရောဂါ၊  ခွဲစိတ် ကုသမှု ဆိုင်ရာ ရောဂါ၊ အစာအိမ်ရောဂါ၊ အရေပြားရောဂါနှင့်အထွေ ထွေရောဂါဝေဒနာရှင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၈ ဦး ကို ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု  အားပေးပြီး ဗန္ဓုလကျေးရွာရှိ အောင်မြေကုန်း ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဦးကဝိသာရနှင့် တပ်ချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏအား  သွားရောက်ဖူးမြော်၍  လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ  ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း  သတင်းရရှိသည်။                           

Read 265 times Last modified on Friday, 19 January 2018 08:46