SJ WorldNews - шаблон joomla Авто

တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား၊ နောင်တော်ကြီးစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာပြုလုပ်

Friday, 19 January 2018 08:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား၊ နောင်တော်ကြီး စေတီတော် မြတ်ကြီးနှင့် အရံ စေတီတော်များ၊ မယ်တော်စေတီတော်၊ ရင်ပြင်တော်၊ စောင်းတန်းနှင့်မုခ်ဦးများ၊ ဓမ္မာရုံ များနှင့် စေတီတော်ရင်ပြင်ပေါ်ရှိ သာသနိက အဆောက်အအုံများအား ဘက်စုံပြုပြင်မွမ်းမံခြင်း၊ ရွှေဆေးများ ကပ်လှူ ပူဇော်ခြင်း၊ စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော် မြတ်ကြီး၌ ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန် စာသင်တိုက်   ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော် များကြွ ရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်မြတ်ကျော်နှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊  ဂေါပက အဖွဲ့ဝင်များ၊   စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြား ထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန် စာသင်တိုက်ဆရာတော်ထံမှ  ကိုးပါးသီလခံယူ ဆောက် တည်ကြပြီး  သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များ အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား ကပ်လှူပူဇော်ကြသည်။

ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးကို  လက်ယာရစ် သုံးကြိမ် လှည့်လည် ပူဇော်ကြ ပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ တင်လှူပူဇော်ကြသည်။ ယင်းနောက်  တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။    

............

Read 241 times Last modified on Friday, 19 January 2018 08:48