SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ မြန်မာ့ ရိုးရာထမနဲထိုး ပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်

Monday, 22 January 2018 08:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ဧကာဒသမ ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်း တွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိကွင်းပြင်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ ရိုးရာထမနဲ ထိုးပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသောအသင်း များအား  တိုင်းမှူးနှင့်  တာဝန်ရှိသူများက  ဆုများအသီးသီး ပေးအပ်သည်။

အဆိုပါ မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၂သင်းဖြင့်  ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

Read 275 times Last modified on Monday, 22 January 2018 08:31