SJ WorldNews - шаблон joomla Авто

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ

Monday, 22 January 2018 08:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ စစ်(ဌာနေ)အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ဇန်နဝါရီ ၂ဝရက် နေ့လယ်ပိုင်း တွင် ထားဝယ်မြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူ များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက  ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ

အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 327 times Last modified on Monday, 22 January 2018 08:31