SJ WorldNews - шаблон joomla Авто

ရေးမြို့နယ်၊ ပုပ္ဖဝတီ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Monday, 22 January 2018 08:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်နဝါရီ   ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ဇန်နဝါရီ ၂ဝ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုးရောဂါ၊ သွားရောဂါ၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ ကလေး ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ ဒေသခံပြည်သူ ၁၃၉ ဦးတို့အား ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား မော်လမြိုင်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး ပုပ္ဖရာမ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုပ္ဖရာမအား သွားရောက်ဖူးမြော်ကြည်ညို၍   လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း  သတင်းရရှိသည်။

Read 253 times Last modified on Monday, 22 January 2018 08:32