SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့၊ ရွှေတိဂုံပုံတူ စေတီတော်အား ရွှေသင်္ကန်း ကပ်လှူပူဇော်

Monday, 22 January 2018 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မသီရိအား ဇန်နဝါရီ  ၂ဝ  ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက   သွားရောက် ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ရွှေတိဂုံပုံတူစေတီတော်အား သွားရောက်ဖူးမြော်ကာ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအားကြည့်ရှုပြီး စေတီတော်အား ရွှေသင်္ကန်း ကပ်လှူ ပူဇော်သည်။

ယင်းနောက် စေတီတော် ပရိဝုဏ်အတွင်းရှိ ကျောက်စာတိုက် နေရာတွင် ဂုံရှမ်းဘာသာဖြင့် ရေးထိုးလျက်ရှိသည့် ပိဋကတ် သုံးပုံကျောက်စာတိုင် စိုက်ထူထားရှိမှုနှင့် ကျောက်စာရေးထိုးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု

ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

Read 434 times Last modified on Monday, 22 January 2018 08:33