SJ WorldNews - шаблон joomla Авто

ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

Sunday, 20 August 2017 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၉

၂ဝ၁၇ ခုနှစ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို သြဂုတ် ၁၈ ရက် ညနေပိုင်းတွင် ဒလတပ်နယ်ရှိ သီဟသူရထွန်းတင် ခန်းမ၌ ပြုလုပ်ရာ   ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စား  တပ်နယ်မှ  ဗိုလ်မှူးချုပ်နေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက  ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြပြီး ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား အလိုက် ဆုရရှိကြသူများနှင့်  တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ဧရာဝတီရေတပ်စခန်း ဌာနချုပ်အသင်းအား ဗိုလ်မှူးချုပ်နေဝင်းနှင့် အဖွဲ့ဝင်များက တံခွန်စိုက်ဒိုင်းဆုနှင့် ဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် သြဂုတ် ၁၁ ရက်မှ ၁၈ ရက် အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 468 times Last modified on Sunday, 20 August 2017 09:34