SJ WorldNews - шаблон joomla Авто

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆု ပေးအပ်

Sunday, 20 August 2017 09:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်များအား သြဂုတ် ၁၈ ရက် နံနက် ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များက အေးသာယာမြို့ရှိ ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ရုံး ခန်းမ၌ သွားရောက် တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး မြို့နယ်အလိုက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဗထူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ နဝရတ်ခန်းမ၌ပြုလုပ်သည့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၊ ပညာရည်ချွန် ဆုပေးပွဲသို့ တက်ရောက်၍ တိုင်းမှူးနှင့် ရပ်စောက်မြို့နယ်၊ ပညာရေးမှူးတို့က အမှာ စကားများ အသီးသီး ပြောကြားကြသည်။

ယင်းနောက်   ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ  ၂ဝ၁၆-၂ဝ၁၇  ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင်  ထူးချွန်စွာ အောင်မြင်ခဲ့သည့်    ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ကိုးဦး၊ အတန်းလိုက် ပညာရည်ချွန်ဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ဆုရ ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများနှင့် အလှူငွေများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 427 times Last modified on Sunday, 20 August 2017 09:44