SJ WorldNews - шаблон joomla Авто

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ ပြုလုပ်

Saturday, 05 August 2017 14:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊   အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အားကစားနှင့် ကာယသိပ္ပံ(တောင်ကြီး)မှ သင်တန်းသား၊ သင်တန်းသူများ၏ သရုပ်ပြယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်အသင်းများ၏   ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ကီလိုတန်းအလိုက် တစ်ဦးချင်းဆုရရှိသူများ၊အသင်းလိုက်ဆုရရှိကြသူများ၊ သရုပ်ပြအဖွဲ့၊ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော ပင်လောင်းတပ်နယ်အသင်းတို့အား တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်  တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် ဇူလိုင် ၃၁ရက်မှ ယနေ့အထိ  ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။ 

Read 383 times Last modified on Saturday, 05 August 2017 14:28