SJ WorldNews - шаблон joomla Авто

တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်

Saturday, 05 August 2017 14:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မ တော်သားများ၊ စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်  ဂုဏ်ထူးရနှင့်

ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ   တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ  တိုင်းမှူးက  ဂုဏ်ပြုအမှာစကား ပြောကြားပြီး   တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် တပ်မတော်(ကြည်း၊ရေ၊ လေ)မိသားစုများက ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေများကို ပေးအပ်သည်။

ထို့နောက် ၆ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် လေးဦး၊ ၃ ဘာသာဂုဏ်ထူးရှင်သုံးဦး၊    ဘာသာဂုဏ်ထူးရှင်  သုံးဦး၊ ၁ ဘာသာဂုဏ်ထူးရှင်  ၅၈ ဦး၊  ဘက်စုံထူးချွန်ဆု ရရှိသူတစ်ဦးနှင့်  စာမေးပွဲအောင်မြင်သူ စစ်သည်သုံးဦး တို့ကို  တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း   သတင်းရရှိသည်။     

Read 343 times Last modified on Saturday, 05 August 2017 14:29