SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နေ့စဉ်မွန်းလတ် ဆွမ်းဆက်ကပ် လှူဒါန်းခြင်း (၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေး မြို့ပေါ်မှ သက်တော်ရှည် ဆရာတော်ကြီးများကို ပူဇော်ပွဲ ကျင်းပပြုလုပ်

Monday, 11 June 2018 08:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁ဝ

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ ဦးဆောင်စီမံမှုဖြင့် မန္တလေးမြို့၊ ဓမ္မဒူတ မိသားစုများက နေ့စဉ်မွန်းလတ် ဆွမ်းဆက်ကပ် လှူဒါန်းခြင်း (၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ပေါ်မှ သက်တော်ရှည် ဆရာတော်ကြီးများ အားပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၈ဝ၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ ခြံအမှတ်(၂၂၂)၌ ပြုလုပ်ရာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော မန္တလေးမြို့ပေါ်မှ သက်တော်ရှည် ဆရာတော်ကြီး ၂၃ ပါး ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ မန္တလေးမြို့၊ ဓမ္မဒူတ မိသားစုများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ သံဃာတော်များနှင့် တက်ရောက်လာကြ သူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ဗန်းမော်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ဖတ်ချီးမြှင့်တော် မူသော ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက မန္တလေးမြို့၊ ဝိဇ္ဇာလင်္ကာရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောသလ္လထံမှ သြဝါဒနာယူ ကြည်ညိုကြကာ ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် မန္တလေးမြို့၊ အဝေရာရာမ ရန်ကင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သြဒါတသိရီ ဘိဝံသထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 148 times Last modified on Monday, 11 June 2018 08:16