SJ WorldNews - шаблон joomla Авто

ဗီယက်နမ် ပြည်သူ့ တပ်မတော် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Tran Don ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ သွားရောက် လေ့လာ

Monday, 11 June 2018 08:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ် ကြည်ရေးခရီး ရောက်ရှိနေသော ဗီယက်နမ် ပြည်သူ့တပ်မတော် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Senior Lieutenant General Tran Don ဦးဆောင်သော ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။

ဦးစွာ ဒုတိယဝန်ကြီး Senior Lieutenant General Tran Don ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်   ရွှေတိဂုံ စေတီတော်သို့ သွားရောက်ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဧည့်သည် တော် မှတ်တမ်းစာအုပ်တွင်   အမှတ်တရ လက်မှတ်ရေးထိုး ကာ ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ် လှူဒါန်းသည်။

ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဗိုလ်ချုပ် အောင်ဆန်းဈေး နှင့်  Telecom   International   Myanmar Company  Limited (Mytel) ရုံးချုပ်တို့သို့ သွား ရောက် လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 127 times Last modified on Monday, 11 June 2018 08:49