SJ WorldNews - шаблон joomla Авто

ဗီယက်နမ်ပြည်သူ့တပ်မတော် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်ရှိ သူရဲကောင်း စစ်သည်ဗိမာန်နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သို့ သွားရောက်လေ့လာ

Tuesday, 12 June 2018 08:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်  ၁၁

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော  ဗီယက်နမ်ပြည်သူ့တပ်မတော် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး Senior Lieutenant General Tran Don ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သူရဲကောင်းစစ်သည်ဗိမာန်သို့ သွားရောက်၍ အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချကာ  နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း  အသက်စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများကို အလေးပြုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

မွန်းလွဲပိုင်းတွင် အဆိုပါချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သို့ ရောက်ရှိကြရာ သင်တန်းခန်းမ၌ ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျောင်းနှင့် ပတ်သက်သည် များကို Video Clip များဖြင့် ရှင်းလင်းတင်ပြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကျောင်းသို့ လာရောက်လည်ပတ်ကြသော နိုင်ငံအသီးသီးမှ ပေးအပ်သည့် အမှတ်တရ လက်ဆောင်များ သိမ်းဆည်းထားရာ ပြခန်းနှင့် စာကြည့်တိုက်သို့  လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 222 times Last modified on Tuesday, 12 June 2018 08:11