SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နှစ်နိုင်ငံ တပ်မတော်များ အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး

Tuesday, 12 June 2018 08:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၁

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ဗီယက်နမ်ပြည်သူ့ တပ်မတော် အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Tran Don နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်များ အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ အပြန်အလှန် စေလွှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read 273 times Last modified on Tuesday, 12 June 2018 08:17