SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဖိလစ်ပိုင် သမ္မတ နိုင်ငံ၏ နှစ်(၁၂ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ

Tuesday, 12 June 2018 08:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၁

ဖိလစ်ပိုင် သမ္မတနိုင်ငံ၏ နှစ်(၁၂ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ည ၆ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သီချင်းနှင့် ဖိလစ်ပိုင် သမ္မတနိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် ဖွင့်လှစ်ကြသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး H.E. Eduardo E. Kapunan Jr နှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့က အမှာစကားများ ပြောကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့က ဖိလစ်ပိုင် သမ္မတ နိုင်ငံ၏ (၁၂ဝ)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့က ဧည့်ခံပွဲသို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြ သူများအား သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ဧည့်ခံပွဲ အခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 158 times Last modified on Tuesday, 12 June 2018 08:17