SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဟိုင်းကြီးကျွန်းမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ပေးအပ်

Tuesday, 12 June 2018 08:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၁

ဧရာဝတီတိုင်း ဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က နယ်မြေခံ တပ်ရင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက် ပေးရာတွင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် စုစုပေါင်း ၃၂ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများက တွေ့ဆုံ၍ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အဖွဲ့ဝင်များ အတွက် ပန်းပေါင်းစုံ ဘုရားဆင်းတုတော် ၄ဝ ဆူ၊ စားသောက်ဖွယ်ရာများနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 171 times Last modified on Tuesday, 12 June 2018 08:18