SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြောက်ဦးမြို့ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်၊ ဗုဒ္ဓပြတိုက်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း

Tuesday, 12 June 2018 08:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်နှင့် ပတ်ဝန်းကျင် ရပ်ကွက်များမှ ဒေသခံ ပြည်သူများအား ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ရပ်ကွက်ရှိ မဟာပညာသီဟာရာမ ပရိယတ္တိ စာသင်တိုက် ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၂ဝ၁ ဦးတို့ကို သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် မဟာပညာသီဟာရာမ ပရိယတ္တိ စာသင်တိုက်ဝင်း အတွင်း ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်များ ကိန်းဝပ်စံပယ်ရန် ဆောက်လုပ်လျက်ရှိသည့် ဗုဒ္ဓပြတိုက်အတွက် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၆ဝ ကို တိုင်းမှူးက ကျောင်းတိုက် ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍတိ ဂန္ထဝါစက ပဏ္ဍိတ ဓမ္မာစရိယ ဘဒ္ဒန္တ ဓမ္မပီယထံသို့ ဆက်ကပ်လှူဒါန်းရာ ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓပြတိုက် ဆောက်လုပ်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 208 times Last modified on Tuesday, 12 June 2018 08:18