SJ WorldNews - шаблон joomla Авто

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ဗုဒ္ဓဒေသနာတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

Saturday, 05 August 2017 15:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၎

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ (၂၁)ကြိမ်မြောက် ဗုဒ္ဓဒေသနာတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သန္တိသုခဓမ္မာရုံ၌ပြုလုပ်ရာ မော်လမြိုင်မြို့၊ အဘယသုတာရာမ

ကျောင်းတိုက်ဆရာတော် ပြည်နယ်သံဃ နာယကအဖွဲ့ အကျိုးတော်ဆောင် မဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တသာသန အမှူးပြုသော သံဃာတော်များနှင့် သာသနာ့အနွယ် ၀င်သီလရှင်များ ကြွရောက်တော်မူကြပြီး တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများနှင့် ပြိုင်ပွဲဝင် ၀တ်ရွတ်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက အဘယသုတာရာမကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့နှင့် ဆုရရှိသော ၀တ်ရွတ်အသင်းများအား တပ်မတော် အရာရှိကြီးများက ဆုများအသီးသီး ပေးအပ်ကြပြီး သံဃာတော်များနှင့် သီလရှင်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 449 times Last modified on Saturday, 05 August 2017 15:01