SJ WorldNews - шаблон joomla Авто

လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောမြို့နယ်၊ ပန်းတောပြင် အနောက်ကျေးရွာမှ အေးချမ်းစွာ နေထိုင်လိုကြသည့် ဘင်္ဂါလီလူမျိုးများနှင့်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်

Saturday, 02 September 2017 09:20 font size decrease font size decrease font size increase font size increase font size

 နေပြည်တော်   စက်တင်ဘာ  

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ လူမဆန်စွာအကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကြောင့် နယ်မြေတည်ငြိမ် အေးချမ်းစေရေးနှင့်    ဒေသခံတိုင်းရင်းသား ပြည်သူများစိုးရိမ် ကြောင့်ကြမှုကင်းဝေးစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ်  ယနေ့မွန်းလွဲပိုင်းတွင်  လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ပန်းတောပြင် အနောက်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၎င်းကျေးရွာရှိ ဘင်္ဂါလီလူမျိုးများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံခဲ့သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူး၊  ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဘင်္ဂါလီ လူမျိုးများအား တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းတို့က ယခုရခိုင်ပြည်နယ် မြောက်ခြမ်း၌ ဖြစ်ပွားနေသည့် ARSAအစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား၏ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကို လုံးဝ လက်မခံနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်းနှင့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား၏ လှုပ်ရှားမှုသတင်းများကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အေးချမ်းစွာနေထိုင်လိုကြသည့် ပန်းတောပြင် အနောက်ကျေးရွာမှ ဘင်္ဂါလီလူမျိုးများအတွက် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 411 times Last modified on Saturday, 02 September 2017 09:21