SJ WorldNews - шаблон joomla Авто

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

Saturday, 02 September 2017 09:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

၂ဝ၁၇ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်းရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဒလတပ်နယ်ရှိ တပ်မတော်(ရေ) ရေကူးကန်၌ပြုလုပ်ရာကာ ကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စား တပ်နယ်မှ ဗိုလ်မှူးချုပ်နေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များနှင့်အတူ ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် ဆု ပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအလိုက် တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိ ကြသူများနှင့် ဒိုင်းဆုရရှိသော ဧရာဝတီရေ တပ်စခန်းဌာနချုပ် အသင်းတို့အား ဗိုလ်မှူးချုပ် နေဝင်းနှင့်အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်သည်။

အဆိုပါရေကူးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် သြဂုတ် ၃ဝ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  

Read 466 times Last modified on Saturday, 02 September 2017 09:33