SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ

Saturday, 02 September 2017 09:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင်  တြိဂံဒေသတိုင်း စစ်ဌာနချုပ်

တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက မိုင်းတုံတပ်နယ်ခန်းမနှင့် မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ရုံးတို့၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား မိုင်းဆတ်တပ်နယ်ခန်းမနှင့် မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ရုံးတို့၌ တွေ့ဆုံ အမှာစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 508 times Last modified on Saturday, 02 September 2017 09:55