SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ ကျောက်လှေကား ကျေးရွာမှ ဟိန္ဒူလူမျိုးများအား လုံခြုံသည့် နေရာသို့ ပြောင်းရွှေ့ ဆောင်ရွက်ပေး

Saturday, 02 September 2017 10:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁

၂ဝ၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ အတွင်း အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်း အဆိုပါ နေရာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ပတ်ဝန်းကျင်

ဘင်္ဂါလီကျေးရွာများမှ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက အမျိုးမျိုး ခြိမ်းခြောက် နှောင့်ယှက်တိုက်ခိုက်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက အဆိုပါ ဒေသခံတိုင်းရင်းသား ပြည်သူများအား ဘင်္ဂါလီ အကြမ်းဖက် သမားများ ရန်မှ လွတ်ကင်းသည့် နေရာများသို့ ပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ပြောင်းရွှေ့ပေးလျက်ရှိရာ သြဂုတ် ၃၁ ရက်တွင် မောင်တောမြို့နယ်၊ လသာ ကျေးရွာမှ ဟိန္ဒူလူမျိုး ဒေသခံပြည်သူ ၄၄၄ ဦးတို့ကို ဘင်္ဂါလီ အကြမ်းဖက်သမားများ ရန်မှ လွတ်ကင်းသည့် မောင်တောမြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ယနေ့တွင်လည်း ဘူးသီးတောင် မြို့နယ်ရှိ ပညာရေး ဝန်ထမ်းတစ်ဦး မှတစ်ဆင့် သတင်းပေးပို့လာသည့် မောင်တောမြို့နယ်၊ ကျောက်လှေကားကျေးရွာမှ ဒေသခံ ဟိန္ဒူလူမျိုး အိမ်ထောင်စုရှစ်စု၊ လူဦးရေ ၃၂ ဦးတို့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ ရန်မှ လွတ်ကင်းသည့်ပြင် ဖြူနယ်မြေရုံးသို့ ထပ်မံ ပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 590 times Last modified on Saturday, 02 September 2017 10:51