SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၄၆)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပွဲများပြုလုပ်

Friday, 03 August 2018 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၂

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၄၆)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌ ပြုလုပ်ရာ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြသည်။ ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြ အခမ်းအနားကို တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ရာတိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြသည်။ ယင်းနောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သင်တန်းအသီးသီးနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုများအား ဆုချီးမြှင့်ခြင်းကို ဗလမင်းထင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ လေ့ကျင့်ရေး သင်တန်းထူးချွန်ဆု ရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အိမ်ထောင်သည်လိုင်း သန့်ရှင်းရေးဆု ရရှိသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 181 times Last modified on Friday, 03 August 2018 08:34