SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပဲခူးတိုင်း ဒေသကြီးအတွင်း ရေပြန်လည် ကျဆင်းသွားသည့် မြို့နယ်များ၌ နယ်မြေခံ တပ်မတော်သား များက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်

Friday, 03 August 2018 08:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၂

ပဲခူးတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး မြစ်ရေပြန်လည် ကျဆင်းသွားပြီးနောက် နုန်းမြေများ တင်ကျန်ခဲ့သည့် ပဲခူး၊ အင်းတကော်နှင့် ရွှေကျင်မြို့နယ်များ အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ ဩဂုတ် ၁ ရက်တွင် အင်းတကော် တပ်နယ်နှင့် ရွှေကျင်တပ်နယ်မှ တပ်မတော်သားများက သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အင်းတကော်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာနတ်ကျေးရွာရှိ ဒက္ခိဏာရုံ ဘုန်းတော်ကြီးကျောင်း၊ မုန်တိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ ဘုန်မတီးကျေးရွာ ရွာဦးဘုရား၊ မှော်လုံကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၊ သာယာအေးကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့် မိုးကွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့ ပျဉ်းမပင်ရပ်ကွက်၊ မကျည်းတန်း ရပ်ကွက်နှင့် ပွဲကုန်းရပ်ကွက်တို့ရှိ အခြေခံပညာ အလယ်တန်း ကျောင်းခွဲများ၌ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက နုန်းမြေများ ဖယ်ရှားရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းပေးခြင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြို့တွင်းနှင့် ကျေးရွာလမ်းများအား မြေဖို့ပြုပြင် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 194 times Last modified on Friday, 03 August 2018 08:34