SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

Saturday, 04 August 2018 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂၀၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် အုပ်ချုပ်သူ အရာရှိ ပြိုင်ပွဲတွင် တောင်ကြီးတပ်နယ် (နယ်မြေ-၁)အသင်းနှင့် ဟိုပုံးတပ်နယ် အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို လည်းကောင်း၊ တစ်ဦးချင်း အသင်းသားပြိုင်ပွဲတွင် တောင်ကြီးတပ်နယ် (နယ်မြေ-၁)အသင်းနှင့် လွိုင်ကော်တပ်နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲ အမျိုးအစားအလိုက် တစ်ဦးချင်း ဆုရရှိသူများ၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသူများ၊ အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဒိုင်အဖွဲ့ဂုဏ်ပြုဆုများ၊ ဆင့်ပွားတံခွန်စိုက်ဒိုင်းဆုနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။ အဆိုပါ စားပွဲတင်တင်းနစ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် ဇူလိုင် ၃၀ ရက်မှယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 160 times Last modified on Saturday, 04 August 2018 08:34