SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မိုင်းခုတ်မြို့နယ်၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအား တွေ့ဆုံ၊ ရှုခင်းသာ-၂ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Saturday, 04 August 2018 08:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအား ဩဂုတ် ၂ ရက်တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက မိုင်းခုတ်တပ်နယ်ရှိ နယ်မြေခံ တပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ဝမ်ကောင်းကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူ ၁၂၉ ဦးတို့ကို ရှုခင်းသာ-၂ ကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံ ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရှုခင်းသာ-၂ ကျေးရွာရှိ တောင်တန်းသာသနာပြု ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ၊ မိုင်းခုတ်မြို့ မြို့မတပ်ဦး ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာဝရနှင့် နောင်တုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇနကတို့အား သွားရောက် ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 117 times Last modified on Saturday, 04 August 2018 08:34