SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နှင့် ကယားပြည်နယ် ဘောလခဲမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Saturday, 11 August 2018 08:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊   အေးသာယာမြို့၊   အမှတ်(၁ဝ) ရပ်ကွက်၊ ကလောမြို့နယ်  ပြင်သာ ကျေးရွာ၊ ဟဲဟိုးမြို့ ပေါပဲကျေးရွာနှင့် ကယားပြည်နယ် ဘောလခဲမြို့ရှိ ရေနီပေါက်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့များက အဆိုပါ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌  ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၂၃၇ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊   သားဖွား/ မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ အစာ အိမ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများအား  နယ်မြေခံ တပ်မတော် ဆေးရုံ များသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။   

 

Read 132 times Last modified on Saturday, 11 August 2018 08:43