SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲပဋ္ဌာန်း သိမ်းအောင်ပွဲပြုလုပ်

Tuesday, 05 September 2017 09:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၎

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ် မိသားစုများ၏ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲပဋ္ဌာန်း သိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင်

မန္တလေးတောင်တော် ဆု တောင်းပြည့်မြတ်စွာ ဘုရားရှိ အနောက်ဘက်မုခ် အာရုံခံတန်ဆောင်း၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ် နှင့် မန္တလေးတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဂေါပက အဖွဲ့ ဝင်များနှင့် တက်ရောက်လာကြသူများက မန္တလေးမြို့၊ ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တကေသဝထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါအသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သြဂုတ် ၂၉ ရက်မှ ယနေ့ အထိရွတ်ဖတ် ပူဇော် ခဲ့ကြောင်း သတင်းရရှိသည်

Read 401 times Last modified on Tuesday, 05 September 2017 09:14