SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပလောက်မြို့၊ အရှေ့ကုန်းကျေးရွာ၌ လက်နက်၊ ခဲယမ်းကိုင်ဆောင် ထားသူတစ်ဦး ဖမ်းဆီးရမိ

Tuesday, 04 September 2018 10:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၃

တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ အရှေ့ကုန်းကျေးရွာနေ မျိုးနိုင်ဦး(ဘ)ဦးပန်းချိန်၏ နေအိမ်သို့ ယနေ့နံနက် ၄ နာရီခန့်တွင် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ မျိုးနိုင်ဦးကို ခြောက်လုံးပြူးသေနတ် တစ်လက်၊ ၎င်းကျည် ငါးတောင့်နှင့်အတူ သိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူအား ပလောက်မြို့ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 235 times Last modified on Tuesday, 04 September 2018 10:01