SJ WorldNews - шаблон joomla Авто

၂ဝ၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ သည့် ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးဖြင့် အောင်မြင်သည့် စစ်သည်များ ပါဝင်သော မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံ

Saturday, 15 September 2018 09:22 font size decrease font size decrease font size increase font size increase font size

၂ဝ၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ သည့် ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးဖြင့် အောင်မြင်သည့် စစ်သည်များ ပါဝင်သော မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာရေး ခရီးထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၁၄

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များ၊ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ် သည်များ ပါဝင်သည့် မျိုးဆက်သစ် ထူးချွန် လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန် လေ့လာရေးခရီးစဉ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံတို့သို့ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီး ဖြင့် ထွက်ခွာသွားကြသည်။

လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း(ငြိမ်း)နှင့် တပ်မတော် အရာရှိကြီးများ၊ မိဘဆွေမျိုးများနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရင်းရင်းနှီးနှီး လိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါလေ့လာရေး အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးစိုးသန်း ဦးဆောင်၍ စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး နိုင်ငံ တော်အဆင့် ဘက်စုံပညာထူးချွန် လူငယ်ရွေးချယ် ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦး၊ အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူ၂၁ ဦး၊ ဂုဏ်ထူး ၂ ဘာသာဖြင့် အောင်မြင်သော စစ်သည်နှစ်ဦးနှင့် ကျောင်းအုပ်ကြီး/ ကျောင်းအုပ်ချုပ်မှု တာဝန်ခံနှစ်ဦး အပါအဝင် စုစုပေါင်း ၃၈ ဦးတို့လိုက်ပါ သွားကြမည်ဖြစ်ကာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံတွင် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်ထိလည်းကောင်း၊ ကိုရီးယား သမ္မတနိုင်ငံတွင် စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက်ထိ လည်းကောင်း လေ့လာရေး ခရီး သွားရောက်ကြမည် ဖြစ်သည်။

တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ် သည်များ၊ တပ်မတော်သား မိသားစုဝင်သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများနှင့် စစ်သည်အစားခန့် အရပ်သား အမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများ အနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန် လူငယ်များအား ၂ဝ၁၃ ခုနှစ်မှစ၍ ပြည်ပ နိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ရာ ယနေ့ခရီးစဉ်သည် ခြောက် ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Read 214 times Last modified on Saturday, 15 September 2018 09:26